Smart Cities
Smart Cities
ကျွန်တော့်အခုေရးမည့်အကြောင်းအရာကတော့ Smart Citiesတွေဘယ်လို တည်ဆောက်ရမည့်အကြောင်းအရာဘဲဖြစ်ပါတယ်။
ခုနည်းပညာတွေတိုးတက်လာသည်နှင့်အမျှ လူဦးရေထူထပ်သိပ်သည်းလာပြီး မြို့ကြီးပြကြီးတွေမှာလူနေမှု သွားလာဆက်သွယ်ရေးမှာ နေ့စဥ်ဘဝတွေအတွက်
စိန်ခေါ်မှုတစ်ခုအဖြစ်သို့ပြောင်းလဲလာေနတာကိုတွေ့မြင်လာရပါတယ်။
မြို့ကြီးပြကြီးတွေမှလူနေမှုထူထပ်လာတာနဲ့အမျှ သွားလာဆက်သွယ်ရေးတွေရဲ့Traffic Congestionများလာေသာနေ့စဥ်ဘဝတွေအတွက် အချိန်အများကြီးပေးဆပ်လာရတာ ပြဿနာ တစ်ရပ်အဖြစ်တွေ့မြင်လာ ရပါတယ်။
ဒီလိုနေ့စဥ်ပြဿနာကိုဖြေရှင်းဖို့အတွက် တစ်ချို့နိင်ငံကြီးအချို့မှာ
Smart Cities များဖြစ်ပေါ်လာရေးအတွက် Plan လေးလုပ်ထားတာကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။
ကျွန်တော်တင်ပြလိုတဲ့မြို့လေးကတော့ နယ်သာလန်နိုင်ငံမှာရှိတဲ့မြို့လေး တစ်မြို့ဘဲဖြစ်ပါတယ်။ ယင်းမြို့ လေးမှာတော့ လူတိုင်း ဟာ ကိုယ်ပိုင်ကားမသုံးရပါဘူး။ ရှိခဲ့ရင်လည်း ယင်းကားကို အိမ် 3 အိမ်က ရှယ်ပြီးသုံးကြရပါတယ်။
Public transport အတွက် လိုင်းကားများကိုလည်းသုံးကြရပါတယ်။ ဒါ့အပြင် အဓိကအားဖြင့်သွားလာရေးအတွက် စက်ဘီးများကို
အသုံးပြုလာကြပါတယ်။ အစိုးရက လည်းကားအစားထိုး စက်ဘီးများ bus car များသုံးဖို့ ကိုလည်း ညွှန်ကြားထားပါတယ်။
အားသာချက်များ
စက်ဘီးများ ကိုကားများအစားသုံးလာသဖြင့် ကားများ မှထွက်သော အပူကလျော့နည်းသွား၍ ကမ္ဘာ ကြီးပူလာ တာကို အထိုက်အလျောက်ကာကွယ်ပေးပြီးဖြစ်ပါသည်။ထို့အပြင် စက်ဘီး များအသုံးပြုလာခြင်းကြောင့် ကားကြပ်တည်းမှုကိုလျော့ချလာနိုင်ပြီးသွားလာရေးပိုမိုချောမွေ့လာစေသည်ဟုထင်မြင်မိပါသည်။
နေရာလွတ်များစွာ ထွက်လာသဖြင့်
ပိုမိုစိမ်းလန်းစိုပြေရန် သစ်ပင်များအဆောက်အဦးများဘေးတွင်စိုက်ပျိုးလာနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်းအထိုက်အလျှောက်လျော့ချပေးနိင်ပါသည်။
ယခု ဆိုလျှင်စက်ဘီးအရေအတွက်မှာလူဦးရေထက်ပင်ပိုများလာကြောင်းတွေ့ ရှိရပါသည်။
ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း
ထိုကဲ့သို့ကောင်းမွန်သော အိုင်ဒီယာများဖြင့် အဆင့်မြင့်မြို့ပြကြီးများတည်ဆောက်ရာတွင် နည်းယူလေ့လာသင့်ကြောင်းထင်မြင်ယူဆပြီးတင်ပြအပ်ပါသည်။
သင့်အနေ ဖြင့်ေကာနေ့စဉ်လှုပ်ရှုားသွားလာရာတွင် စက်ဘီးလေးနဲ့ ရုံးသွားရုံးပြန် အလုပ်သွားအလုပ်ပြန်ကို စက်ဘီးစီးနင်းရခြင်းကိုနှစ်သက်ပါသလား။
![]() |
https://twitter.com/jamesvgingerich/status/1253451835458945024?s=20
AK2001

Comments
Post a Comment