Smart Cities
Smart Cities ကျွန်တော့်အခုေရးမည့်အကြောင်းအရာကတော့ Smart Cities တွေဘယ်လို တည်ဆောက်ရမည့်အကြောင်းအရာဘဲဖြစ်ပါတယ်။ ခုနည်းပညာတွေတိုးတက်လာသည်နှင့်အမျှ လူဦးရေထူထပ်သိပ်သည်းလာပြီး မြို့ကြီးပြကြီးတွေမှာလူနေမှု သွားလာဆက်သွယ်ရေးမှာ နေ့စဥ်ဘဝတွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ်သို့ပြောင်းလဲလာေနတာကိုတွေ့မြင်လာရပါတယ်။ မြို့ကြီးပြကြီးတွေမှလူနေမှုထူထပ်လာတာနဲ့အမျှ သွားလာဆက်သွယ်ရေးတွေရဲ့Traffic Congestionများလာေသာနေ့စဥ်ဘဝတွေအတွက် အချိန်အများကြီးပေးဆပ်လာရတာ ပြဿနာ တစ်ရပ်အဖြစ်တွေ့မြင်လာ ရပါတယ်။ ဒီလိုနေ့စဥ်ပြဿနာကိုဖြေရှင်းဖို့အတွက် တစ်ချို့နိင်ငံကြီးအချို့မှာ Smart Cities များဖြစ်ပေါ်လာရေးအတွက် Plan လေးလုပ်ထားတာကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ ကျွန်တော်တင်ပြလိုတဲ့မြို့လေးကတော့ နယ်သာလန်နိုင်ငံမှာရှိတဲ့မြို့လေး တစ်မြို့ဘဲဖြစ်ပါတယ်။ ယင်းမြို့ လေးမှာတော့ လူတိုင်း ဟာ ကိုယ်ပိုင်ကားမသုံးရပါဘူး။ ရှိခဲ့ရင်လည်း ယင်းကားကို အိမ် 3 အိမ်က ရှယ်ပြီးသုံးကြရပါတယ်။ ...